သင်္ဘောသီး သုပ် နဲ့ ဗူးသီးဟင်းချို /Green papaya Salad and Water Gourd soup/ သေဘၤာသီး သုပ္ နဲ႔ ဗူးသီးဟင္းခ်ိဳ
သင်္ဘောသီး သုပ် နဲ့ ဗူးသီးဟင်းချို
အသုပ်စပ်စပ်လေးနဲ့ ဟင်းချိုပူပူလေး ကအရမ်းတွဲဖက်ညီတာမို့ တွဲစားကြည့်ပါနော်
ပါဝင်ပစ္စည်းများ
သင်္ဘောသီး ၁ ခြမ်း (၄၅၀ ဂရမ်)
ဂေါ်ဖီထုပ် ၁၈၀ ဂရမ်
သခွါးသီး ၁ လုံး ၁၅၀ ဂရမ်
ကြာဇံ ၈၀ ဂရမ်
ခေါက်ဆွဲခြောက် ၁၀၀ ဂရမ်
ပဲပြား ၁ တုံး (၂၀၀ ဂရမ်)
အာလူး ၂ လုံး (၁၈၀ ဂရမ်)
ပဲပင်ပေါက် ၁၈၀ ဂရမ်
ဘဲဥ/ကြက်ဥ ၂ လုံး
ငြုတ်သီးထမင်း ၁.၇ ၅ ခွက်
ကြက်သွန်ဖြူကြော်
ကြက်သွန်ဖြူကြော်ဆီ
ဆီ ၁၆ စားပွဲတင်ဇွန်း(၁ခွက်)
နနွင်းမှုန့် အနည်းငယ်
လှီးထားတဲ့ ကြက်သွန်ဖြူ ၁ ဥ (၁/၄ ခွက်ခန့်)
ငံပြာရည်
ကြက်သားမှုန့်
ပဲအကျက်မှုန့်
ငြုတ်သီးအကျက်မှုန့်
ဆော့စ်
ကြက်သွန်ဖြူ
ငြုတ်သီးစိမ်း
ပြင်ဆင်ရန်
၁) သင်္ဘောသီး အခွံခွါပြီးခြစ်ပါ
၂) ကြာဇံ၊ခေါက်ဆွဲကိုပြုတ်ထားပါ
၃) ပဲပင်ပေါက်ကို ရေနွေးဖျောပါ
၄) အာလူး၊ ဘဲဥကို ပြုတ်ပြီး အခွံခွါကာ လှီးထားပါ
၅) ပဲပြားကို ၁လက်မ အရွယ်မထူမပါးပါ
ဆီပူတွင် နနွင်းမှုန့်ထည့်မွှေပြီး အပေါ်ယံ တင်းရုံကြော်ပြီး ဆီစစ်ထားပါ
၆) ဂေါ်ဖီထုပ်ကို ပါးပါးလှီးပါ သခွါးသီးကိုပါးပါးလှီးပြီး အချောင်းလှီးထားပါ
၇) ကြက်သွန်ဖြူ ကို ပါးပါးလှီးပါ၊ ပဲပြားကြော်ထားသောဆီပူတွင် ထည့်ကာ ကြက်သွန်ဖြူ ရွှေဝါရောင် စပြောင်းသည်နှင့်ဇကာဖြင့်ဆယ်ထားပါ၊ ဆီကို သီးခြားပန်းကန်တွင်ထည့်ထားပါ
ထမင်းနီ အတွက်
ထမင်း ၁.၇၅ ခွက် (၂၈ စားပွဲတင်ဇွန်း)
ဆီ ၂ စားပွဲတင်ဇွန်း
ငြုတ်သီးမှုန့် ၁ စားပွဲတင်ဇွန်း
ပြုလုပ်နည်း
၁) ဆီပူတွင် ငြုတ်သီးမှုန့် ထည့်ကာ ၅ စက္ကန့်ခန့်မွှေပါ
၂) ထမင်းထည့်ကာ အားလုံးနှံ့သည်အထိမွှေကာ ပန်းကန်သို့ပြောင်းထည့်ပြီး အအေးခံထားပါ
၃) ထမင်း၄ စားပွဲတင်ဇွန်း(၁/၄ ခွက်) အရွယ် လုံးထားပါ
ဆော့စ်ဖျော်ရန်
အရသာအတွက်
ပါဝင်ပစ္စည်းများ
မန်ကျည်းမှည့်ရည် ( မန်ကျည်းမှည့် ၂ စားပွဲတင်ဇွန်း+ ရေ ၅ စားပွဲတင်ဇွန်း)
ငြုတ်ဆီ ၃ စားပွဲတင်ဇွန်း
ရောမွှေထားပါ
အသုပ်သုပ်ရန်
သင်္ဘောသီး ခြစ် ၁/၂ ခွက်
ဂေါ်ဖီထုပ် ၁/၄ ခွက်
သခွါးသီး ၁/၄ ခွက်
ကြာဇံ ၁/၄ ခွက်
ခေါက်ဆွဲ၁/၄ ခွက်
ပဲပြားကြော် ၄ ခု
အာလူးပြုတ် ၄ ချပ်
ပဲပင်ပေါက် ၁/၄ ခွက်
ဘဲဥ အနည်းငယ်
ငြုတ်သီးထမင်း ၁ လုံး
ကြက်သွန်ဖြူကြော် ၁ စားပွဲတင်ဇွန်း
ကြက်သွန်ဖြူကြော်ဆီ ၁ စားပွဲတင်ဇွန်း
ငံပြာရည် ၁/၂ လက်ဖက်ရည်ဇွန်း
ကြက်သားမှုန့် ၁/၂ လက်ဖက်ရည်ဇွန်း
ပဲအကျက်မှုန့် ၁.၅ စားပွဲတင်ဇွန်း
ငြုတ်သီးအကျက်မှုန့် ၁/၂ လက်ဖက်ရည်ဇွန်း
ဆော့စ် ၂ စားပွဲတင်ဇွန်း
1)ကြက်ဥ, ကြက်သွန်ဖြူကြော်မှလွဲပြီး ကျန်ပါဝင်ပစ္စည်းများအားလုံး ပန်းကန်လုံးတခုတွင်ထည့်ကာရောနယ်ပါ
2)ပန်းကန်ပြားသို့ပြောင်းထည့်ကာ အပေါ်မှ ကြက်ဥ, ကြက်သွန်ဖြူကြော်တင်ပါ
3)ကြက်သွန်ဖြူ, ငြုတ်သီးစိမ်းဖြင့်တွဲစားပါ
ဗူးသီးဟင်းချို
ပါဝင်ပစ္စည်းများ
လှီးထားသော ဗူးသီး၁ ခွက်
ကြက်သွန်ဖြူ ၇ ဂရမ်
ရေ ၅၀၀ မီလီ
ကြက်သားမှုန့် ၁/၂ လက်ဖက်ရည်ဇွန်း
ဆား ၁/၂ လက်ဖက်ရည်ဇွန်း
ငြုတ်ကောင်းမှုန့် အနည်းငယ်
ပြင်ဆင်ရန်
၁) ဗူသီးကိုအခွံခွါကာ ၁ လက်မအရွယ် မထူမပါးလှီးပါ
၂) ကြက်သွန်ဖြူ အခွံခွါကာ ဓါးပြားရိုက်ပါ
ချက်ရန်
၁) အိုးထဲသို့ငြုတ်ကောင်ရမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများထည့်ပါ
၂) ဗူးသီးနူးသည်အထိချက်ပါ
၃) ပန်းကန်လုံးသို့ ပြောင်းထည့်ကာ ငြုတ်ကောင်းဖြူးပါ
၃) ပူပူလေးသောက်ပါ
သေဘၤာသီး သုပ္ နဲ႔ ဗူးသီးဟင္းခ်ိဳ
အသုပ္စပ္စပ္ေလးနဲ႔ ဟင္းခ်ိဳပူပူေလး ကအရမ္းတြဲဖက္ညီတာမို႔ တြဲစားၾကည့္ပါေနာ္
ပါဝင္ပစၥည္းမ်ား
သေဘၤာသီး ၁ ျခမ္း (၄၅၀ ဂရမ္)
ေဂၚဖီထုပ္ ၁၈၀ ဂရမ္
သခြါးသီး ၁ လုံး ၁၅၀ ဂရမ္
ၾကာဇံ ၈၀ ဂရမ္
ေခါက္ဆြဲေျခာက္ ၁၀၀ ဂရမ္
ပဲျပား ၁ တုံး (၂၀၀ ဂရမ္)
အာလူး ၂ လုံး (၁၈၀ ဂရမ္)
ပဲပင္ေပါက္ ၁၈၀ ဂရမ္
ဘဲဥ/ၾကက္ဥ ၂ လုံး
ျငဳတ္သီးထမင္း ၁.၇ ၅ ခြက္
ၾကက္သြန္ျဖဴေၾကာ္
ၾကက္သြန္ျဖဴေၾကာ္ဆီ
ဆီ ၁၆ စားပြဲတင္ဇြန္း(၁ခြက္)
နႏြင္းမႈန႔္ အနည္းငယ္
လွီးထားတဲ့ ၾကက္သြန္ျဖဴ ၁ ဥ (၁/၄ ခြက္ခန႔္)
ငံျပာရည္
ၾကက္သားမႈန္႔
ပဲအက်က္မႈန္႔
ျငဳတ္သီးအက်က္မႈန္႔
ေဆာ့စ္
ၾကက္သြန္ျဖဴ
ျငဳတ္သီးစိမ္း
ျပင္ဆင္ရန္
၁) သေဘၤာသီး အခြံခြါၿပီးျခစ္ပါ
၂) ၾကာဇံ၊ေခါက္ဆြဲကိုျပဳတ္ထားပါ
၃) ပဲပင္ေပါက္ကို ေရေႏြးေဖ်ာပါ
၄) အာလူး၊ ဘဲဥကို ျပဳတ္ၿပီး အခြံခြါကာ လွီးထားပါ
၅) ပဲျပားကို ၁လက္မ အ႐ြယ္မထူမပါးပါ
ဆီပူတြင္ နႏြင္းမႈန႔္ထည့္ေမႊၿပီး အေပၚယံ တင္း႐ုံေၾကာ္ၿပီး ဆီစစ္ထားပါ
၆) ေဂၚဖီထုပ္ကို ပါးပါးလွီးပါ သခြါးသီးကိုပါးပါးလွီးၿပီး အေခ်ာင္းလွီးထားပါ
၇) ၾကက္သြန္ျဖဴ ကို ပါးပါးလွီးပါ၊ ပဲျပားေၾကာ္ထားေသာဆီပူတြင္ ထည့္ကာ ၾကက္သြန္ျဖဴ ေ႐ႊဝါေရာင္ စေျပာင္းသည္ႏွင့္ဇကာျဖင့္ဆယ္ထားပါ၊ ဆီကို သီးျခားပန္းကန္တြင္ထည့္ထားပါ
ထမင္းနီ အတြက္
ထမင္း ၁.၇၅ ခြက္ (၂၈ စားပြဲတင္ဇြန္း)
ဆီ ၂ စားပြဲတင္ဇြန္း
ျငဳတ္သီးမႈန္႔ ၁ စားပြဲတင္ဇြန္း
ျပဳလုပ္နည္း
၁) ဆီပူတြင္ ျငဳတ္သီးမႈန္႔ ထည့္ကာ ၅ စကၠန္႔ခန္႔ေမႊပါ
၂) ထမင္းထည့္ကာ အားလုံးႏွံ႔သည္အထိေမႊကာ ပန္းကန္သို႔ေျပာင္းထည့္ၿပီး အေအးခံထားပါ
၃) ထမင္း၄ စားပြဲတင္ဇြန္း(၁/၄ ခြက္) အ႐ြယ္ လုံးထားပါ
ေဆာ့စ္ေဖ်ာ္ရန္
အရသာအတြက္
ပါဝင္ပစၥည္းမ်ား
မန္က်ည္းမွည့္ရည္ ( မန္က်ည္းမွည့္ ၂ စားပြဲတင္ဇြန္း+ ေရ ၅ စားပြဲတင္ဇြန္း)
ျငဳတ္ဆီ ၃ စားပြဲတင္ဇြန္း
ေရာေမႊထားပါ
အသုပ္သုပ္ရန္
သေဘၤာသီး ျခစ္ ၁/၂ ခြက္
ေဂၚဖီထုပ္ ၁/၄ ခြက္
သခြါးသီး ၁/၄ ခြက္
ၾကာဇံ ၁/၄ ခြက္
ေခါက္ဆြဲ၁/၄ ခြက္
ပဲျပားေၾကာ္ ၄ ခု
အာလူးျပဳတ္ ၄ ခ်ပ္
ပဲပင္ေပါက္ ၁/၄ ခြက္
ဘဲဥ အနည္းငယ္
ျငဳတ္သီးထမင္း ၁ လုံး
ၾကက္သြန္ျဖဴေၾကာ္ ၁ စားပြဲတင္ဇြန္း
ၾကက္သြန္ျဖဴေၾကာ္ဆီ ၁ စားပြဲတင္ဇြန္း
ငံျပာရည္ ၁/၂ လက္ဖက္ရည္ဇြန္း
ၾကက္သားမႈန္႔ ၁/၂ လက္ဖက္ရည္ဇြန္း
ပဲအက်က္မႈန္႔ ၁.၅ စားပြဲတင္ဇြန္း
ျငဳတ္သီးအက်က္မႈန္႔ ၁/၂ လက္ဖက္ရည္ဇြန္း
ေဆာ့စ္ ၂ စားပြဲတင္ဇြန္း
1)ၾကက္ဥ, ၾကက္သြန္ျဖဴေၾကာ္မွလြဲၿပီး က်န္ပါဝင္ပစၥည္းမ်ားအားလုံး ပန္းကန္လုံးတခုတြင္ထည့္ကာေရာနယ္ပါ
2)ပန္းကန္ျပားသို႔ေျပာင္းထည့္ကာ အေပၚမွ ၾကက္ဥ, ၾကက္သြန္ျဖဴေၾကာ္တင္ပါ
3)ၾကက္သြန္ျဖဴ, ျငဳတ္သီးစိမ္းျဖင့္တြဲစားပါ
ဗူးသီးဟင္းခ်ိဳ
ပါဝင္ပစၥည္းမ်ား
လွီးထားေသာ ဗူးသီး၁ ခြက္
ၾကက္သြန္ျဖဴ ၇ ဂရမ္
ေရ ၅၀၀ မီလီ
ၾကက္သားမႈန္႔ ၁/၂ လက္ဖက္ရည္ဇြန္း
ဆား ၁/၂ လက္ဖက္ရည္ဇြန္း
ျငဳတ္ေကာင္းမႈန္႔ အနည္းငယ္
ျပင္ဆင္ရန္
၁) ဗူသီးကိုအခြံခြါကာ ၁ လက္မအ႐ြယ္ မထူမပါးလွီးပါ
၂) ၾကက္သြန္ျဖဴ အခြံခြါကာ ဓါးျပား႐ိုက္ပါ
ခ်က္ရန္
၁) အိုးထဲသို႔ျငဳတ္ေကာင္ရမွလြဲ၍ က်န္ပါဝင္ပစၥည္းမ်ားထည့္ပါ
၂) ဗူးသီးႏူးသည္အထိခ်က္ပါ
၃) ပန္းကန္လုံးသို႔ ေျပာင္းထည့္ကာ ျငဳတ္ေကာင္းျဖဴးပါ
၃) ပူပူေလးေသာက္ပါ
Green papaya Salad and Water Gourd soup
Ingredients
Green papaya 450 g
Cabbage 180 g
Cucumber 150 g
Vermicelli 80 g
Dried Noodles 100 g
Tofu 200 g
Potato 180 g
Bean sprouts 180 g
Egg 2 nos
Chili rice 1.75 cup
Fried garlic
Fried garlic oil
Oil 1 cup
Turmeric powder 1/8 tsp
Sliced garlic ¼ cup
Fish sauce
Chicken powder
Roasted bean powder
Roasted chili powder
Prepared sauce
Garlic
Green chili
Preparation
1) Peel and shred the papaya
2) Boil the rice noodles
3) Blanch the bean sprouts
4) Boil the Potatoes & eggs. Peel and slice them.
5) Cut the tofu into 1-inch long slice. Add turmeric powder and tofu to the hot oil and fry until the color change and drain them.
6) Thinly slice the cabbage and Slice the cucumber into matchsticks..
7) Finely slice the garlic and add it to the oil used for frying the tofu. When the garlic begins to turn golden brown, drain it. Transfer the oil to a separate bowl.
For the chili rice
Cooked rice 1.75 cup
Oil 2 tbsp
Chili powder 1 tbsp
Instructions
1) Add chili powder to the hot oil and stir for about 5 seconds.
2) Add the rice and stir until well combined, then transfer to a bowl and cool it down.
3) Make ¼-cup-sized balls.
For the sauce
Ingredients
Ripe tamarind juice 5 tbsp
(dried tamarind 2 tbsp + water 5 tbsp)
Chili sauce 3 tbsp
For salad one serving
Shredded Green papaya ½ cup
Sliced Cabbage ¼ cup
Sliced Cucumber ¼ cup
Boiled Vermicelli ¼ cup
Boiled Dried Noodles ¼ cup
Fried Tofu 4 pcs
Sliced boiled Potato 4 slices
Boiled Bean sprouts ¼ cup
Sliced Egg 1 tbsp
Chili rice ball 1 no
Fried garlic 1 tbsp
Fried garlic oil 1 tbsp
Fish sauce ½ tsp
Chicken powder ½ tsp
Roasted bean powder 1.5 tbsp
Roasted chili powder ½ tsp
Prepared sauce 2 tbsp
Add all the ingredients except the egg and fried garlic and mix well
Transfer to a plate and top with egg and fried garlic.
Pair with garlic & green chili
Water Gourd Soup
Ingredients
Sliced Water Gourd 1 cup
Garlic 7 g
Water 500 ml
Chicken powder ½ tsp
Salt ½ tsp
Ground pepper
Preparation
1) Peel the water gourd and cut into 1-inch slice.
2) Peel and crush the garlic
Cooking
1) Add all the ingredients in the pot.
2) Cook until the water gourd is soft
3) Transfer to a bowl and sprinkle with ground pepper.
3) Serve hot.
The spicy salad and hot curry go very well together, so try it together






Comments
Post a Comment