သင်္ဘောသီး သုပ် နဲ့ ဗူးသီးဟင်းချို အသုပ်စပ်စပ်လေးနဲ့ ဟင်းချိုပူပူလေး ကအရမ်းတွဲဖက်ညီတာမို့ တွဲစားကြည့်ပါနော် ပါဝင်ပစ္စည်းများ သင်္ဘောသီး ၁ ခြမ်း (၄၅၀ ဂရမ်) ဂေါ်ဖီထုပ် ၁၈၀ ဂရမ် သခွါးသီး ၁ လုံး ၁၅၀ ဂရမ် ကြာဇံ ၈၀ ဂရမ် ခေါက်ဆွဲခြောက် ၁၀၀ ဂရမ် ပဲပြား ၁ တုံး (၂၀၀ ဂရမ်) အာလူး ၂ လုံး (၁၈၀ ဂရမ်) ပဲပင်ပေါက် ၁၈၀ ဂရမ် ဘဲဥ/ကြက်ဥ ၂ လုံး ငြုတ်သီးထမင်း ၁.၇ ၅ ခွက် ကြက်သွန်ဖြူကြော် ကြက်သွန်ဖြူကြော်ဆီ ဆီ ၁၆ စားပွဲတင်ဇွန်း(၁ခွက်) နနွင်းမှုန့် အနည်းငယ် လှီးထားတဲ့ ကြက်သွန်ဖြူ ၁ ဥ (၁/၄ ခွက်ခန့်) ငံပြာရည် ကြက်သားမှုန့် ပဲအကျက်မှုန့် ငြုတ်သီးအကျက်မှုန့် ဆော့စ် ကြက်သွန်ဖြူ ငြုတ်သီးစိမ်း ပြင်ဆင်ရန် ၁) သင်္ဘောသီး အခွံခွါပြီးခြစ်ပါ ၂) ကြာဇံ၊ခေါက်ဆွဲကိုပြုတ်ထားပါ ၃) ပဲပင်ပေါက်ကို ရေနွေးဖျောပါ ၄) အာလူး၊ ဘဲဥကို ပြုတ်ပြီး အခွံခွါကာ လှီးထားပါ ၅) ပဲပြားကို ၁လက်မ အရွယ်မထူမပါးပါ ဆီပူတွင် နနွင်းမှုန့်ထည့်မွှေပြီး အပေါ်ယံ တင်းရုံကြော်ပြီး ဆီစစ်ထားပါ ၆) ဂေါ်ဖီထုပ်ကို ပါးပါးလှီးပါ သခွါးသီးကိုပါးပါးလှီးပြီး အချောင်းလှီးထားပါ ၇) ကြက်သွန်ဖြူ ကို ပါးပါးလှီးပါ၊ ပဲပြားကြော်ထားသောဆီပူတွင် ထည့်ကာ ကြက်သွန်ဖြူ ရွှ...