Posts

Showing posts from July, 2024

အာဗန်မလိုတဲ့ မိုင်လိုကိတ် / အာဗန္မလိုတဲ့ မိုင္လိုကိတ္ / Steamed Milo cake

Image
  အပေါ်က ချိုဆိမ့် ပူတင်းအလွှာလေးနဲ့ အရမ်းကောင်းတဲ့ မိုင်လိုကိတ်ပါ Video link : https://youtu.be/x5J8NNfTrf0 အာဗန်မလိုတဲ့ မိုင်လိုကိတ် / မိုင်လိုကိတ်ပေါင်း မုန့်ဖုတ်ခွက်ကို ဆီသုတ်ထားပါ (၃”x ၁.၅” x၁.၅” (၆)ခွက် (သို့) (၃”x ၁.၅” x၁.၅” ((၄)ခွက်+ ၄” ခွက် အဝိုင်း(၁)ခွက်) ပါဝင်ပစ္စည်းများ-၁် ကိတ်ဂျုံ ၈၀ ဂရမ် ဆား ၁/၈ လက်ဖက်ရည်ဇွန်း မုန့်ဖုတ်ပေါင်ဒါ ၁/၈ လက်ဖက်ရည်ဇွန်း ၁) ဂျုံနှင့် မုန့်ဖုတ်ပေါင်ဒါ ကို ဇကာဖြင့်စစ်ထားပါ ၂) ဆားထည့်ကာ ရောမွှေပါ, ဘေးဖယ်ထားပါ ပါဝင်ပစ္စည်းများ-၂ ကြက်ဥ အနှစ် ၂ လုံး သကြား ၄၀ဂရမ် ၁) ကြက်ဥ အနှစ် နှင့် သကြား ကို ခွက်တခုတွင် ထည့်ကာ အဝါရောင်ဖျော့ဖျော့ ဖြစ်သည်အထိမွှေပါ ပါဝင်ပစ္စည်းများ-၃ မိုင်လို ၂၀ ဂရမ် နို ၅၀ မီလီ ဆီ ၅၀ ဂရမ် ဗနီလာအနံ့ ၁/၄ လက်ဖက်ရည်ဇွန်း ၁) ပါဝင်ပစ္စည်းများ-၃ အားလုံးကို ကြက်ဥအနှစ်အရောသို့ထည့်ကာရောမွှေပါ ၂) မိုင်လို အရောကို ဂျုံအရောထဲသို့ ဇကာဖြင့်စစ်ထည့်ပါ ၃) အားလုံးရောသွားသည်အထိမွှေပါ, ဘေးဖယ်ထားပါ ပါဝင်ပစ္စည်းများ-၄ ကြက်ဥ အကာ ၂ လုံး သကြား ၄၀ ဂရမ် Cream of tartar (သို့) သံပုရာရည် ၁/၈ လက်ဖက်ရည်ဇွန်း ၁) ကြက်ဥအကာကို အမြှုပ်ထရုံမွှေပါ ၂) Cream of tart...

မွန်ရိုးရာ သင်္ကြန်ထမင်း /မွန်ရိုးရာ သင်္ကြန်ထမင်း / Thingyan rice

Image
Video Link :  https://youtu.be/OMeeMzTH26E   မွန်ရိုးရာ သင်္ကြန်ထမင်း သင်္ကြန်ကြော် ပါဝင်ပစ္စည်းများ ငါးခြောက် ၁၅ ကျပ်သား ပုဇွန်ခြောက် ၁၅ ကျပ်သား သရက်သီးစိမ်း ၂ လုံး ( ခြစ်ပြီး ၂ ခွက်ခန့်) ကြက်သွန်နီ ၂.၅ ခွက် ( အလုံးသေး ၁၀ လုံး) ဆီ ၁ ခွက် နနွင်းမှုန့် ၁/၂ လက်ဖက်ရည်ဇွန်း ကြက်သားမှုန့် ၂ စားပွဲတင်ဇွန်း ဆား ၁/၂ လက်ဖက်ရည်ဇွန်း ရေ ၁/၂ ခွက် ငြုတ်သီးခြောက်ကြော် အနည်းငယ် ထမင်း (၁ ယောက်စာ)အတွက် ၁ ခွက် ရေ ၁ ခွက် (ထမင်းပြုတ်ရန်) ပြုလုပ်နည်း ထမင်းချက်ရန် ထမင်းကို အလွယ်ပြင်ပါမယ် ကျက်ပြီးသား ထမင်းကို ထမင်းလုံး ပြဲခါနီး ပျော့လာသည်အထိ ပြုတ်ပါ ထမင်းကို ရေအေးဖြင့်ဆေးကာစစ်ထားပါ (ထမင်းကို အခုလိုမပြုတ်ဘဲ ဆန်ကို တခါတည်းပြုတ်လို့ရသလို ထမင်းကိုပျော့ပျော့ ချက်ရင်လည်းရပါတယ်)ဖယောင်းအနံ့ကို မကြိုက်လို့ မထည့်ထားပါ ဘူး, ငါးခြောက်ကြော်ရန် ရေစိမ်ထားသော ပုဇွန်ခြောက်ကို မညက်တညက် ထောင်းထားပါ ငါးခြောက်ကို နူးသည်အထိ ပြုတ်ပါ ပြုတ်ထားသောငါးခြောက်ကို အရေခွံနှင့်အရိုးများဖယ်ကာ မညက်တညက် ထောင်း ထားပါ သရက်သီးစိမ်းကို အခွံခွါကာ ခြစ်ထားပါ ကြက်သွန်နီကို အခွံခွါကာ ၄ စိပ် စိပ်ထားပါ ဒယ်အိုးထဲသို့ သရက်သီးမှလွဲပ...