Posts

Showing posts from February, 2024
Image
  ရန်ကုန် မုန့်ဟင်းခါး / ရန်ကုန် မုန့်ဟင်းခါး /Yangon Mohinga/Burmese Fish soup rice noodles ကျွန်မကတော့အာရုံဆွမ်းကပ်တဲ့အခါ ဖြစ်ဖြစ် မနက်စောစောစာ စားဘို့ဖြစ်ဖြစ် တညကြိုတင်ပြီး ဌက်ပျောအူပြုတ်, ငါးဆီသပ်, မြေပဲကြိတ်ထား, ကြက်ဥပြုတ်ထား, ကြက်သွန်နီဥခွါထား တာ တွေ လုပ်ထားပြီး မနက်မှ ဟင်းရည်ချက်လိုက်တာပါ ရန်ကုန် မုန့်ဟင်းခါး မုန့်ဟင်းခါးဖတ် ၁ ပိသာအတွက် ပါဝင်ပစ္စည်းများ ငါးပြုတ်ရန် ငါး ၃၂၀ ဂရမ် ( ၂၀ ကျပ်သားခန့်) ရေ ၁ လီတာ နနွင်းမှုန့် ၁/၄ လက်ဖက်ရည်ဇွန်း စပါးလင် ၅ ပင် ( ထုထားပါ) ငံပြာရည် ၁ စားပွဲတင်ဇွန်း အိုးထဲသို့ ပါဝင်ပစ္စည်း အားလုံးထည့်ကာ ငါးကျက်သည် အထိ ပြုတ်ပါ ပြုတ်ရည်ကိုစစ်ယူထားပါ ငါးအသားနွင်ပြီး ထောင်းထားပါ ငါးဆီသပ်ရန် ထောင်းထားသောငါး ဆီ ၈ စားပွဲတင်ဇွန်း စပါးလင်(အဖြူ‌ရောင်အပိုင်း) ၄ခု ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၃ မွှာ ငြုတ်သီးမှုန့် ၃ စားပွဲတင်ဇွန်း ကြက်သားမှုန့် ၁ စားပွဲတင်ဇွန်း ငံပြာရည် ၁ လက်ဖက်ရည်ဇွန်း နနွင်းမှုန့်၁/၄ လက်ဖက်ရည်ဇွန်း ကြက်သွန်နီ, ကြက်သွန်ဖြူ တို့ကိုညက်အောင် စင်း/ကြိတ်/ထောင်းပါ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူပါက နနွင်းမှုန့်, ထောင်းထားသော ကြက်သွန်ဖြူ၊နီ၊ စပ...