စင်္ကာပူ အုန်းနို့ခေါက်ဆွဲ / စကၤာပူ အုန္းႏို႔ေခါက္ဆြဲ / Laksa ( Spicy Noodle Soup)
စင်္ကာပူ အုန်းနို့ခေါက်ဆွဲ / စကၤာပူ အုန္းႏို႔ေခါက္ဆြဲ / Laksa ( Spicy Noodle Soup)
စင်္ကာပူ အုန်းနို့ခေါက်ဆွဲ
ပါဝင်ပစ္စည်းများ
၁) ဟင်းအနှစ်အတွက်
ပုဇွန်ခြောက် ၈၀ ဂရမ် ( ၅ကျပ်သား)
အိန္ဒိယ သစ်ချသီး ၈ လုံး
ကြက်သွန်နီ ၃၀၀ ဂရမ် ( ၂၀ ကျပ်သားခန့်)
စပါးလင် (အဖြူရောင်အပိုင်း ) ၅ ပိုင်း -ပါးပါးလှီးပါ
ဂျင်း/ ပတဲဂေါ ၃၀ ဂရမ်
ငါးပိဖုတ် ၃ စားပွဲတင်ဇွန်း
ငြုတ်သီးမှုန့် ၃ စားပွဲတင်ဇွန်း
နနွင်းမှုန့် ၁/၂ စားပွဲတင်ဇွန်း
ဆီ ၅ စားပွဲတင်ဇွန်း
ငံပြာရည် ၁ စားပွဲတင်ဇွန်း
ပြုလုပ်နည်း
၁) ပုဇွန်ခြောက်ကို ပျော့သည်အထိရောစိမ်ကာ ဆယ်ထားပါ
၂) ကြက်သွန်နီ အခွံခွါကာ မထူမပါးလှီးပါ
၃) ဂျင်း ,စပါးလင်အဖြူရောင်အပိုင်းကို ပါးပါး လှီးပါ
၄) ဆီ, ငံပြာရည်မှလွဲပြီး ကျန် ပါဝင်ပစ္စည်းအားလုံးထည့်ကာ ညက်သည်အထိ ကြိတ်ပါ
၅) အိုးထဲသို့ဆီထည့်ပါ, ဆီပူပါ အနှစ်ထည့်ကာ အရောင်ပြောင်းပြီး မွှေးလာသည်အထိကြော်ပါ
၆) ၅ စားပွဲတင်ဇွန်းခန့် ကို ပန်ကန်လုံးတခုတွင် ခပ်ထားပါ
၂) ပုဇွန်ပြုတ်ရည် အတွက်
ပုဇွန် ၄၀၀ ဂရမ်
ရေ ၁.၅ လီတာ
ပြုလုပ်နည်း
၁)ပုဇွန်ခေါင်းဖြတ်ကာ ချေးအိတ်ထုတ်ပါ, အကောင်အား အခွံခွါ ကာ ချေးထုတ်ထားပါ
၂) အိုးထဲသို့ ပုဇွန်ခေါင်းထည့်ကာ အရောင်ပြောင်းလာသည်အထိလှော်ပါ
၃) ရေထည့်ကာ ၃၀ မိနစ်ခန့် ရေ ၁လီတာခန့်ကျန်အောင်ပြုတ်ထားပါ, ပုဇွန်ခေါင်း ကိုချေပြီး အဖတ် ဆယ်ထားပါ
၄) ပုဇွန်ကို ကျက်ရုံ ထည့်ပြုတ်ကာ ဆယ်ထားပါ
အခြားပါဝင်ပစ္စည်းများ
နန်းကြီးဖတ်
ပဲပင်ပေါက်
ငါးကိတ်
၁) နန်းကြီးအလုံး ဆန်ခေါက်ဆွဲ ကို အထုပ်ပါ ညွန်ကြားချက်အတိုင်း ပြုတ်ပါ
၂) ပဲပင်ပေါက်ကို ကျက်ရုံးထည့်ပြုတ်ပြီး ဆယ်ထားပါ
၃) ငါးကိတ်ပါးပါးလှီးကာ ၁ မိနစ်ခန့်ပြုတ်ကာ ဆယ်ထားပါ
ဟင်းရည်ချက်ရန်
ချက်ထားသော ဟင်းအနှစ်
ပုဇွန်ပြုတ်ရည်
အုန်းနို့ ၆၀၀ မီလီ
ရေ ၄၀၀ မီလီ
Laksa အရွက် ၁၅ ရွက်
သကြား ၁ စားပွဲတင်ဇွန်း
ဆား ၁ လက်ဖက်ရည်ဇွန်း
ပဲပြားအပွကြော် ၄ တုံး
ရှပ်ခရု
၁) ပဲပြားကြော် ကို လက်မဝက် အထူ တုံးထားပါ
၂) ချက်ထားသော အနှစ်ကို အရည်ဖျော်ကာ ပုဇွန်ပြုတ်အိုးသို့ထည့်ပါ,Laksa ရွက်ထည့်ကာ ၁၀ မိနစ်ခန့် ဆူအောင် ချက်ပါ
၃) အုန်းနို့, ရေ,, သကြား, ဆား, ပဲပြား, ရှပ် ထည့်ကာ ၅ မိနစ်ခန့်ချက်ပါ
၄) ဟင်းရည် ရပါပြီ
ပွဲပြင်ရန်
နန်းကြီးဖတ် ၁ ခွက်
ပဲပင်ပေါက် ၁/၄ ခွက်
ငါးကိန် ၅ ချပ်
ပုဇွန် ၂ ကောင်
ဟင်းရည် ၂-၃ ယောက်
ချက်ထားသောဟင်းအနှစ် ၁ လက်ဖက်ရည်ဇွန်း
ပါးပါးလှီးထားသော Laksa ရွက် အနည်းငယ်
၁) အားလုံးကို ပန်ကန်လုံးထည့်ကာ ရောမွှေပါ, အစပ်ကြိုက်က အနှစ် ပိုထည့်ပါ, အရသာအားနှစ်သက်သလို ထပ်ထည့်နိုင်ပါသည်
စကၤာပူ အုန္းႏို႔ေခါက္ဆြဲ
ပါဝင္ပစၥည္းမ်ား
၁) ဟင္းအႏွစ္အတြက္
ပုဇြန္ေျခာက္ ၈၀ ဂရမ္ ( ၅က်ပ္သား)
အိႏၵိယ သစ္ခ်သီး ၈ လုံး
ၾကက္သြန္နီ ၃၀၀ ဂရမ္ ( ၂၀ က်ပ္သားခန႔္)
စပါးလင္ (အျဖဴေရာင္အပိုင္း ) ၅ ပိုင္း -ပါးပါးလွီးပါ
ဂ်င္း/ ပတဲေဂါ ၃၀ ဂရမ္
ငါးပိဖုတ္ ၃ စားပြဲတင္ဇြန္း
ျငဳတ္သီးမႈန႔္ ၃ စားပြဲတင္ဇြန္း
နႏြင္းမႈန႔္ ၁/၂ စားပြဲတင္ဇြန္း
ဆီ ၅ စားပြဲတင္ဇြန္း
ငံျပာရည္ ၁ စားပြဲတင္ဇြန္း
ျပဳလုပ္နည္း
၁) ပုဇြန္ေျခာက္ကို ေပ်ာ့သည္အထိေရာစိမ္ကာ ဆယ္ထားပါ
၂) ၾကက္သြန္နီ အခြံခြါကာ မထူမပါးလွီးပါ
၃) ဂ်င္း ,စပါးလင္အျဖဴေရာင္အပိုင္းကို ပါးပါး လွီးပါ
၄) ဆီ, ငံျပာရည္မွလြဲၿပီး က်န္ ပါဝင္ပစၥည္းအားလုံးထည့္ကာ ညက္သည္အထိ ႀကိတ္ပါ
၅) အိုးထဲသို႔ဆီထည့္ပါ, ဆီပူပါ အႏွစ္ထည့္ကာ အေရာင္ေျပာင္းၿပီး ေမႊးလာသည္အထိေၾကာ္ပါ
၆) ၅ စားပြဲတင္ဇြန္းခန႔္ ကို ပန္ကန္လုံးတခုတြင္ ခပ္ထားပါ
၂) ပုဇြန္ျပဳတ္ရည္ အတြက္
ပုဇြန္ ၄၀၀ ဂရမ္
ေရ ၁.၅ လီတာ
ျပဳလုပ္နည္း
၁)ပုဇြန္ေခါင္းျဖတ္ကာ ေခ်းအိတ္ထုတ္ပါ, အေကာင္အား အခြံခြါ ကာ ေခ်းထုတ္ထားပါ
၂) အိုးထဲသို႔ ပုဇြန္ေခါင္းထည့္ကာ အေရာင္ေျပာင္းလာသည္အထိေလွာ္ပါ
၃) ေရထည့္ကာ ၃၀ မိနစ္ခန႔္ ေရ ၁လီတာခန႔္က်န္ေအာင္ျပဳတ္ထားပါ, ပုဇြန္ေခါင္း ကိုေခ်ၿပီး အဖတ္ ဆယ္ထားပါ
၄) ပုဇြန္ကို က်က္႐ုံ ထည့္ျပဳတ္ကာ ဆယ္ထားပါ
အျခားပါဝင္ပစၥည္းမ်ား
နန္းႀကီးဖတ္
ပဲပင္ေပါက္
ငါးကိတ္
၁) နန္းႀကီးအလုံး ဆန္ေခါက္ဆြဲ ကို အထုပ္ပါ ၫြန္ၾကားခ်က္အတိုင္း ျပဳတ္ပါ
၂) ပဲပင္ေပါက္ကို က်က္႐ုံးထည့္ျပဳတ္ၿပီး ဆယ္ထားပါ
၃) ငါးကိတ္ပါးပါးလွီးကာ ၁ မိနစ္ခန႔္ျပဳတ္ကာ ဆယ္ထားပါ
ဟင္းရည္ခ်က္ရန္
ခ်က္ထားေသာ ဟင္းအႏွစ္
ပုဇြန္ျပဳတ္ရည္
အုန္းႏို႔ ၆၀၀ မီလီ
ေရ ၄၀၀ မီလီ
Laksa အ႐ြက္ ၁၅ ႐ြက္
သၾကား ၁ စားပြဲတင္ဇြန္း
ဆား ၁ လက္ဖက္ရည္ဇြန္း
ပဲျပားအပြေၾကာ္ ၄ တုံး
ရွပ္ခ႐ု
၁) ပဲျပားေၾကာ္ ကို လက္မဝက္ အထူ တုံးထားပါ
၂) ခ်က္ထားေသာ အႏွစ္ကို အရည္ေဖ်ာ္ကာ ပုဇြန္ျပဳတ္အိုးသို႔ထည့္ပါ,Laksa ႐ြက္ထည့္ကာ ၁၀ မိနစ္ခန႔္ ဆူေအာင္ ခ်က္ပါ
၃) အုန္းႏို႔, ေရ,, သၾကား, ဆား, ပဲျပား, ရွပ္ ထည့္ကာ ၅ မိနစ္ခန႔္ခ်က္ပါ
၄) ဟင္းရည္ ရပါၿပီ
ပြဲျပင္ရန္
နန္းႀကီးဖတ္ ၁ ခြက္
ပဲပင္ေပါက္ ၁/၄ ခြက္
ငါးကိန္ ၅ ခ်ပ္
ပုဇြန္ ၂ ေကာင္
ဟင္းရည္ ၂-၃ ေယာက္
ခ်က္ထားေသာဟင္းအႏွစ္ ၁ လက္ဖက္ရည္ဇြန္း
ပါးပါးလွီးထားေသာ Laksa ႐ြက္ အနည္းငယ္
၁) အားလုံးကို ပန္ကန္လုံးထည့္ကာ ေရာေမႊပါ, အစပ္ႀကိဳက္က အႏွစ္ ပိုထည့္ပါ, အရသာအားႏွစ္သက္သလို ထပ္ထည့္ႏိုင္ပါသည္
Laksa ( Spicy Noodle Soup)
Ingredients
To prepare Spice
Onion 300 g
Candle Nut 8 nos.
Lemongrass(white part) 5 stalks
Ginger/ Galangal 30 g - peel and slice
Dried shrimp 80 g
Toasted shrimp paste (belacan ) 3 tbsp
Chili powder 3 tbsp
Turmeric powder 1/2 tbsp
Oil 5 tbsp
Fish sauce 1 tbsp
1)Soak the dried shrimp until soft. Rinse and drain.
2) Slice the ginger &lemongrass white part thinly.
3) Peel and slice the onion.
4)Add all the ingredients , except oil & fish sauce,to the blender and blend until smooth.
5) Add oil to pan, add the blended spice and stir fry until fragrant and the color changes.
6) Transfer 5tbsp of paste to a bowl for later use.
For Prawn Broth
Prawn 400 g
Water 1.5 liter
1) Separate the prawn head and remove impurities.
2) Deshell and devein the prawns.
3) Stir the prawn head until the color changes and pour the water.
4) Simmer for 30 minutes.
5)crushed the head and remove the head from the broth.
6) Blanch the prawn in the broth and set aside.
For others
Thick vermicelli
Bean sprout
Fish cake
1) Boil the vermicelli as per package instructions.
2) Blanch the bean sprout.
3) Slice the fish cake and blanch it.
For Soup
Prepared Prawn broth
Prepared spice paste
Coconut milk 600 ml
Water 400 ml
Laksa leaves 15 pcs
Sugar 1 tbsp
Salt 1 tsp
Boiled clams
Tofu puff 4 pcs
1) Slice the tofu puff into ½ inch thick.
2)Add the spice paste and laska leaves to the prawn broth pot and boil for 10 minutes.
3) Add the coconut milk, water ,sugar, salt , tofu puff and clams . Boil for 5 more minutes.
To Assemble
For 1 serving
Thick Vermicelli 1 cup
Bean sprout ¼ cup
Fish cake 5 slices
Prawn 2 nos.
Spice paste 1 tsp
Some of Sliced laksa leaves
2-3 ladles of soup
1) •Place all in a bowl and mix well; if you prefer spicy, add more spice paste or chili. Add more seasoning to your taste.

Comments
Post a Comment