Strawberry Shortcake/စတော်ဘယ်ရီ Shortcake

 

 ကိတ်မုန့်အတွက်

၅”x ၃”ကိတ်မုန့်ခွက်

ပါ၀င်ပစ္စည်း-၁

ကြက်ဥအနှစ်   ၄၀ ဂရမ်

ဆီ  ၁၅ဂရမ်

နွားနို့   ၂၅ဂရမ်

ဗနီလာအနံ့  ၁/၂ လက်ဖက်ရည်ဇွန်း

ပါဝင်ပစ္စည်းများ-၂

ကြက်ဥအကာ   ၆၀ ဂရမ်

သကြား (အမှုံသေး)   ၆၀ ဂရမ်

cream of tartar   အနည်းငယ် (သို့)  သံပုရာရည် ၁/၄ လက်ဖက်ရည်ဇွန်း

ပါဝင်ပစ္စည်းများ-၃

ကိတ်ဂျုံ   ၆၀ ဂရမ်


သကြားရည်

သကြား   ၅၀ဂရမ်

ရေ   ၁၀၀ ml


ဗနီလာခရမ်

Whipping  cream     ၃၀၀ဂရမ်

အကြားအမှုန့်           ၃၅ ဂရမ်

ဗနီလာအနံ့                ၂ လက်ဖက်ရည်ဇွန်း



အလှဆင်ရန်

စတော်ဘယ်ရီ 

 
သစ်သီးအရောင်တင်ရန်(မထည့်လည်းရ)
  1.  Apricot gel   ၁ စားပွဲတင်ဇွန်း
  2.   ရေ    ၃ စားပွဲတင်ဇွန်း

  ကိတ်မုန့်လုပ်ရန်

  1. အာဗန်ကို ၁၆၀ဒီဂရီ ကြိုတင်အပူပေးထားပါ
  2. ၅”x ၃”ကိတ်မုန့်ခွက်ကို ဆီသုတ်ပြီး စက္ကူခင်းထားပေးပါ
  3. ကြက်ဥအနှစ်,ဗနီလာအနံ့ ,ဆီ,နွားနို့ ကို အမြှုပ်ထသည်အထိမွှေပါ
  4. ကြက်ဥအကာ နှင့် cream of tartar ကိုရော၍ မွှေပါ
  5. အမြှုပ်ထလာပါက သကြားကို ၃ ကြိမ်ခွဲ၍ Medium peaks ရသည်အထိမွှေပါ
  6. ကြက်ဥအနှစ်အရောထဲကို ၄ ကြိမ်ခန့် ခွဲပြီး ၉၀%ရောသည်အထိမွှေပေးပါ
  7. ကိတ်ဂျုံကိုစစ်ထည့်ပြီး ရောပေးပါ
  8. ဂျုံအမှုန့်အားလုံးရောသွားသည်နှင့်မွှေတာကို ရပ်ပါ
  9. မုန့်ဖုတ်ခွက်ထဲထည့်ပါ မုန့်ခွက်ကိုစားပွဲပေါ်တွင် ၂ ကြိမ်ခန့် ဖြည်းဖြည်းရိုက်ပါ ၂၀-၂၅ မိနစ်ခန့်ဖုတ်ပေးပါ 
  10. ကိတ်မုန့် ရွှေညိုရောင်ပြောင်းလာပြီး အလယ်တွင်ဝါးတုတ်ထိုးထည့်ပါက ကိတ်မုန့် ကပ်ပါမလာတော့ ရင်ရပါပြီ
  11. မုန့်ကိုအအေးခံပေးပါ

 သကြားရည်ကြိုရန်

  1. ရေတွင်သကြားအားလုံးပျာ်သွားပါက ခွက်တခုတွင်ထည့်ကာ အအေးခံထားပါ

 

 စတော်ဘယ်ရီသီးပြင်ဆင်ရန်

  1. စတော်ဘယ်ရီသီးကို ရေဆေးပြီးခြောက်အောင်သုတ်ပါ
  2. ကိတ်မုန့်ထဲတွင်ထည့်ရန် အချို့ကို ၁လုံးလျှင် ၄-၅လွှာလှီးထားပေးပါ
  3. အလှဆင်ရန် ထက်ခြမ်း ခြမ်းထားပေးပါ

 သစ်သီးကို အ​ရောင်တင်ရန်

  1. Apricots gelနှင့်ရေကို gel ပျော်သည်အထိ ချက်ပေးပါ
  2. အလှဆင်ရန်သစ်သီးကိုgel ဖြင့်နှံ့အောင်လူးပေးပါ

 ဗနီလာခရမ်ပြုလုပ်ရန်

  1. Whipping  cream,အကြားအမှုန့်,ဗနီလာအနံ့    ကို Medium peaks ဖြစ်သည်အထိ မွှေပါ
  2. မသုံးခင်အချိန်အထိ ရေခဲသေတ္တာတွင်ထည့်ထားပါ

ကိတ်မုန့်ပြင်ဆင်ရန်

  1. ကိတ်မုန့်ကို ၃လွှာလှီးပေးပါ
  2. ကိတ်မုန့်အလှဆင်စားပွဲတွင် ကိတ်မုန့်တစ်လွှာတင်ပါ
  3. ခရမ်ထည့်ပေးပြီး ညီအောင်ဖြန့်ပါ
  4. စတော်ဘယ်ရီစိတ်များခင်းပေးပါ
  5. အပေါ်မှ ခရမ် တစ်ထပ်, ထပ် ဖြန့်ပေးပါ
  6. နောက်ထပ်ကိတ်အလွှာထပ်တင်ပေးပါ
  7. အပေါ်ဆုံးအလွှာတင်ပြီးပါက ခရမ်ကို အပေါ်၊ဘေးသားအုပ်သည်အထိထည့်ကာ ညီအောင်ညှိပေးပါ
  8. နှစ်သကသလို အလှဆင်ပါ
  9. ချက်ချင်းစားပါ ချက်ချင်းမစားဖြစ်သေးလျှင်(သို့) ပိုလျှင် ရေခဲသေတ္တာတွင်ထည့်ထားပါ, ၂-၃ရက်အတွင်းစားပါ 

 

မှတ်ချက်

  1. Cream of tartar အစား သံပုရာရည် ၁/၄ လက်ဖက်ရည်ဇွန်းထည့်၍ရပါသည်၊ ဘာမှမထည့်လည်းရပါသည် ထည့်ပါက ခရမ်ပုံပိုပြီးငြိမ်စေပါသည်
  2. ခရမ်များတာမကြိုက်ပါက အချိုးချလျော့ပြီး မုန့်တွင်ခရမ်ပါးပါးသုံးပေးပါ
  3. ခရမ်မပါရင်တောင် အရမ်းစားလို့ကောင်းတဲ့ကိတ်ပါ
  4. သစ်သီးကို အရောင်မတင်ဘဲ ဒီအတိုင်းထည့်လို့ရပါသည် အရောင်တင်ပါက သစ်သီးကြာရှည်ခံပြီး ပိုလှပါသည်
  5. gel ကို ပူနေတုန်းသုံးပါ အေးသွားပါက ခဲသွားပါမည် 

 



For Sponge Cake

Ingredients-A

Egg Yolk  40g

Corn Oil   15 g

Milk  25g

Vanilla essence    ½ tsp

Ingredients-B

Egg White          60g

Fine sugar          60g

Cream of tartar  a pinch (or) Lemon juice 1/4 tsp

Ingredients-C

Cake Flour   60g

 

 Sugar Syrup

Sugar      50g

Water      100g

 

Vanilla Whipped Cream

Whipping cream     300g

Icing sugar               35g

Vanilla essence       2 tsp

 

For garnish

Strawberry

 

Fruit Glaze ( Optional)

  • Apricot Gel    1 tbsp
  • Water  3 tbsp

 

 INSTRUCTIONS 

For the Sponge

  1. Preheat oven to 160 °C.
  2. Line the baking pan(5”x3”) with Parchment paper.
  3. Whisk egg yolk, corn oil, milk, and vanilla essence until frothy. Set Aside. 
  4. In a mixer bowl, whisk the egg white and cream of tartar. 
  5.  When it starts foaming, beat the sugar in three batches until it reaches medium peaks.
  6. Fold the meringue into the egg yolk mixture in batches until it is 90% mixed. 
  7.  Sift the flour into the mixture and fold it in until incorporated. (Don’t over mix)  
  8. Pour it into the pan and tap the pan on the table about two times to discard the air bubble.
  9. Bake for 20-25 minutes until golden brown.
  10.  Let it cool completely.
 For sugar syrup
  1. Add the sugar and water into the pot and boil until sugar dissolved.
  2. Pour into the bowl and let it cool. Set aside.
  To prepare strawberries
  1. Clean the strawberry with water and wipe them dry.
  2. For the filling, cut each strawberry into 4-5 slices.
  3. For the decoration, cut it into half.

 For the fruit glaze

  1.  Boil the apricots gel and water until the gel dissolved. 
  2. Cover the decoration strawberries with the glaze

 For Vanilla Whipped cream

  1. Whisk the whipping cream, icing sugar & vanilla essence until medium peaks.
  2. Chill it in the fridge until ready to use.

 Assembly the cake

  1. Slice the cake into 3 layers evenly.
  2.  Place the first layer of the cake on the cake turntable.
  3. Brush the sugar syrup.
  4. Apply the cream and top with the strawberries, then add the cream layer on top of the strawberries.
  5. Repeat for another layer.
  6. For the final layer, add the cream on top & the sides and turn the table to make it even.
  7. Decorate the cake as desired.
  8. Serve right away or chill in the fridge.Consume the cake within 2-3 days

 

 

 



 

 




 

 

 

Comments

Popular posts from this blog

ကိုးရီးယား ကြာဇံကြော် / ကိုးရီးယား ၾကာဇံေၾကာ္/ Japchae ( Stir-fried Korean Vermicelli with vegetables)

Sugee Cookies / နန်ကထိုင်

အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / Spicy Burmese salad & Cabbage Soup