ကိုးရီးယား ကြာဇံကြော် / ကိုးရီးယား ၾကာဇံေၾကာ္/ Japchae ( Stir-fried Korean Vermicelli with vegetables)

 




Video link


ကိုးရီးယား ကြာဇံကြော်

ပါဝင်ပစ္စည်းများ

ကိုးရီးယားကြာဇံ ၂၀၀ ဂရမ်

ကြက်အသဲအမြစ်(သို့) ကြက်သား ၁၀၀ ဂရမ် (၆ ကျပ်သား)

ကြက်သွန်ဖြူ ၂ မွှာ

မုန်လာဥနီ  ၉၀ ဂရမ် (အလုံးတဝက်) 

မှို ၁၂၀ ဂရမ်

ဟင်းနုနယ် ၁၅၀ ဂရမ်

ကြက်ဥ ၂ လုံး

ဆား ၁/၄ လက်ဖက်ရည်ဇွန်း

ဆီ ၃.၅ စားပွဲတင်ဇွန်း

ပဲငံပြာရည် ၁/၂ လက်ဖက်ရည်ဇွန်း


ဆော့စ်

ပဲငံပြာရည် ၃ စားပွဲတင်ဇွန်း

သကြား ၁ လက်ဖက်ရည်ဇွန်း

အရသာမှုန့် ၁ လက်ဖက်ရည်ဇွန်း

နှမ်းဆီ ၁ စားပွဲတင်ဇွန်း

၁) ခွက်တခုတွက်အားလုံးထည့်ကာ ရောမွှေပါ


ပြုလုပ်နည်း


ကြက်အသဲအမြစ်

၁) ကြက်အသဲအမြစ် ကို မထူမပါးလှီးထားပါ

၂)ကြက်သွန်ဖြူ ကို စင်းထားပါ

၃)ပန်းကန်လုံးထဲသို့ ကြက်အသဲအမြစ်, ကြက်သွန်ဖြူ,

ပဲငံပြာရည် ၁/၂ လက်ဖက်ရည်ဇွန်းထည့်နယ်ပါ

၄)မိနစ် ၂၀ခန့်နှပ်ထားပါ

၅)အိုးထဲသို့ ဆီ ၁ စားပွဲတင်ဇွန်းထည့်ပါ

၆)ကြက်သားထည့်ကာ စက္ကန့် ၂၀ ခန့်မွှေပါ

၇) ရေ ၂ စားပွဲတင်ဇွန်းထည့်ပါ

၈) ကြက်သားကျက်ပြီး ဆီပန်လာသည်အထိချက်ပါ

၉) ပန်းကန်ပြားသို့ ပြောင်းထည့်ထားပါ



ဟင်းသီးဟင်းရွက် နှင့် ကြက်ဥ

ဟင်းနုနယ်

၁) နွမ်းရုံ ပြုတ်ပါ

၂) ဆယ်ပြီးရေအေးတွင်စိမ်ပါ

၃)အေးပါက ရေညှစ်ထုပ်ပါ

၄) ၁လက်မအရှည်လှီးပြီး ဆားအနည်းငယ်ဖြင့်နယ်ပါ

၅) ပန်းကန်ပြားသို့ ပြောင်းထည့်ထားပါ

မုန်လာဥနီ

၁)အခွံခွါပြီး အချောင်းသေးသေးလှီးထားပါ

၂) အိုးထဲသို့ ဆီ ၁/၂ စားပွဲတင်ဇွန်းထည့်ပါ

၃)မုန်လာဥနီ, ဆား အနည်းငယ်ထည့်ကာ ကျက်သည်အထိကြော်ပါ

၄) ပန်းကန်ပြားသို့ ပြောင်းထည့်ထားပါ


မှို

၁) မှိုကို အချောင်းသေးသေးလှီးထားပါ

၂) အိုးထဲသို့ ဆီ ၁/၂ စားပွဲတင်ဇွန်းထည့်ပါ

၃)မုန်လာဥနီ, ဆား အနည်းငယ်ထည့်ကာ ကျက်သည်အထိကြော်ပါ

၄) ပန်းကန်ပြားသို့ ပြောင်းထည့်ထားပါ


ကြက်ဥ

၁)ကြက်ဥ ကိုခေါက်ထားပါ

၂) အိုးထဲသို့ ဆီ ၁/၂ စားပွဲတင်ဇွန်းထည့်ပါ

၃) ကြက်ဥ ကို ဒယ်အိုး ပြည့်ရုံ အလွှာပါးပါးလောင်းထည့်ပါ

၄) ကျက်ပါက တဖက်သို့ လှန်ကာ ကျက်အောင်ကြော်ပါ

၅) အအေးခံကာ မထူမပါးလှီးထားပါ

၆) ပန်းကန်ပြားသို့ ပြောင်းထည့်ထားပါ


ကိုးရီးယား ကြာဇံ

၁) ကြာဇံကို မိနစ် ၃၀ ခန့် ရေစိမ်ထားပါ

၂) အိုးထဲ ရေ , ကြာဇံထည့်ကာ ကြာဇံပျော့သည်အထိ ပြုတ်ပါ

၃) ရေအေးဖြင့်ဆေးကာ စစ်ထားပါ

၄) အိုးထဲသို့ ဆီ ၁ စားပွဲတင်ဇွန်းထည့်ပါ

၅) ကြာဇံနှင့် ကျန်သောဆော့စ်ထည့်မွှေပါ

၆) ပန်းကန်းလုံးကြီးထဲသို့ ထည့်ထားပါ


ရောနယ်ရန်

၁)ကြာဇံထည့်ထားသော ပန်းကန်လုံးထဲသို့ပြင်ဆင်ထားသော အသီးရွက်, ကြက်ဥ ထည့်ပါ

၂)ရောနယ်ပါ


ကိုးရီးယား ၾကာဇံေၾကာ္

ပါဝင္ပစၥည္းမ်ား

ကိုးရီးယားၾကာဇံ ၂၀၀ ဂရမ္

ၾကက္အသဲအျမစ္(သို႔) ၾကက္သား ၁၀၀ ဂရမ္ (၆ က်ပ္သား)

ၾကက္သြန္ျဖဴ ၂ မႊာ

မုန္လာဥနီ  ၉၀ ဂရမ္ (အလုံးတဝက္) 

မႈိ ၁၂၀ ဂရမ္

ဟင္းႏုနယ္ ၁၅၀ ဂရမ္

ၾကက္ဥ ၂ လုံး

ဆား ၁/၄ လက္ဖက္ရည္ဇြန္း

ဆီ ၃.၅ စားပြဲတင္ဇြန္း

ပဲငံျပာရည္ ၁/၂ လက္ဖက္ရည္ဇြန္း


ေဆာ့စ္

ပဲငံျပာရည္ ၃ စားပြဲတင္ဇြန္း

သၾကား ၁ လက္ဖက္ရည္ဇြန္း

အရသာမႈန႔္ ၁ လက္ဖက္ရည္ဇြန္း

ႏွမ္းဆီ ၁ စားပြဲတင္ဇြန္း

၁) ခြက္တခုတြက္အားလုံးထည့္ကာ ေရာေမႊပါ


ျပဳလုပ္နည္း


ၾကက္အသဲအျမစ္

၁) ၾကက္အသဲအျမစ္ ကို မထူမပါးလွီးထားပါ

၂)ၾကက္သြန္ျဖဴ ကို စင္းထားပါ

၃)ပန္းကန္လုံးထဲသို႔ ၾကက္အသဲအျမစ္, ၾကက္သြန္ျဖဴ,

ပဲငံျပာရည္ ၁/၂ လက္ဖက္ရည္ဇြန္းထည့္နယ္ပါ

၄)မိနစ္ ၂၀ခန႔္ႏွပ္ထားပါ

၅)အိုးထဲသို႔ ဆီ ၁ စားပြဲတင္ဇြန္းထည့္ပါ

၆)ၾကက္သားထည့္ကာ စကၠန႔္ ၂၀ ခန႔္ေမႊပါ

၇) ေရ ၂ စားပြဲတင္ဇြန္းထည့္ပါ

၈) ၾကက္သားက်က္ၿပီး ဆီပန္လာသည္အထိခ်က္ပါ

၉) ပန္းကန္ျပားသို႔ ေျပာင္းထည့္ထားပါ



ဟင္းသီးဟင္း႐ြက္ ႏွင့္ ၾကက္ဥ

ဟင္းႏုနယ္

၁) ႏြမ္း႐ုံ ျပဳတ္ပါ

၂) ဆယ္ၿပီးေရေအးတြင္စိမ္ပါ

၃)ေအးပါက ေရညႇစ္ထုပ္ပါ

၄) ၁လက္မအရွည္လွီးၿပီး ဆားအနည္းငယ္ျဖင့္နယ္ပါ

၅) ပန္းကန္ျပားသို႔ ေျပာင္းထည့္ထားပါ

မုန္လာဥနီ

၁)အခြံခြါၿပီး အေခ်ာင္းေသးေသးလွီးထားပါ

၂) အိုးထဲသို႔ ဆီ ၁/၂ စားပြဲတင္ဇြန္းထည့္ပါ

၃)မုန္လာဥနီ, ဆား အနည္းငယ္ထည့္ကာ က်က္သည္အထိေၾကာ္ပါ

၄) ပန္းကန္ျပားသို႔ ေျပာင္းထည့္ထားပါ


မႈိ

၁) မႈိကို အေခ်ာင္းေသးေသးလွီးထားပါ

၂) အိုးထဲသို႔ ဆီ ၁/၂ စားပြဲတင္ဇြန္းထည့္ပါ

၃)မုန္လာဥနီ, ဆား အနည္းငယ္ထည့္ကာ က်က္သည္အထိေၾကာ္ပါ

၄) ပန္းကန္ျပားသို႔ ေျပာင္းထည့္ထားပါ


ၾကက္ဥ

၁)ၾကက္ဥ ကိုေခါက္ထားပါ

၂) အိုးထဲသို႔ ဆီ ၁/၂ စားပြဲတင္ဇြန္းထည့္ပါ

၃) ၾကက္ဥ ကို ဒယ္အိုး ျပည့္႐ုံ အလႊာပါးပါးေလာင္းထည့္ပါ

၄) က်က္ပါက တဖက္သို႔ လွန္ကာ က်က္ေအာင္ေၾကာ္ပါ

၅) အေအးခံကာ မထူမပါးလွီးထားပါ

၆) ပန္းကန္ျပားသို႔ ေျပာင္းထည့္ထားပါ


ကိုးရီးယား ၾကာဇံ

၁) ၾကာဇံကို မိနစ္ ၃၀ ခန႔္ ေရစိမ္ထားပါ

၂) အိုးထဲ ေရ , ၾကာဇံထည့္ကာ ၾကာဇံေပ်ာ့သည္အထိ ျပဳတ္ပါ

၃) ေရေအးျဖင့္ေဆးကာ စစ္ထားပါ

၄) အိုးထဲသို႔ ဆီ ၁ စားပြဲတင္ဇြန္းထည့္ပါ

၅) ၾကာဇံႏွင့္ က်န္ေသာေဆာ့စ္ထည့္ေမႊပါ

၆) ပန္းကန္းလုံးႀကီးထဲသို႔ ထည့္ထားပါ


ေရာနယ္ရန္

၁)ၾကာဇံထည့္ထားေသာ ပန္းကန္လုံးထဲသို႔ျပင္ဆင္ထားေသာ အသီး႐ြက္, ၾကက္ဥ ထည့္ပါ

၂)ေရာနယ္ပါ



Japchae ( Stir-fried Korean Vermicelli with vegetables)
Korean Vermicelli 200 g
Chicken liver and gizzard 100 g
Garlic 15 g (2 cloves)
Carrot 90 g
Seafood Mushroom 120g
Spinach 150 g
Egg 2 nos.
Salt ¼ tsp
Oil  3.5 tbsp
Soy sauce ½ tsp

Sauce 
Soy sauce 3 tbsp 
Sugar 1 tsp
Seasoning powder 1 tsp
Sesame oil 1 tbsp
1)Add all the ingredients to a bowl and mix well.

Instructions 

Chicken
 1) Sliced chicken liver and gizzard
 2) Chop the garlic
 3) Put the chicken, garlic and soy sauce ½ tsp in a bowl and mix well.
 4) Marinate for at least 20 minutes.
 5) Add 1 tablespoon of oil to the pan.
 6) Add the chicken to the hot oil and stir for 20 seconds.
 7) Add water (2 tbsp).
 8) Cook until the chicken is done and the oil separates.
9) Transfer to the plate.

Vegetables & Egg
Spinach
1) Blanch the spinach until wilted.
2)Drain and soak in cold water.
3) Squeeze the spinach.
4)Cut about 1 inch long and season with a pinch of salt.
5) Transfer to the plate.
Carrot
1)Peel and cut the carrot into matchsticks.
2)Add 1/2 tablespoons of oil to the pan . 
3)Add the  carrot and a pinch of salt and stir until soft.
4) Transfer to the plate.
Mushroom
1) Cut the mushroom into matchsticks.
2)Add 1/2 tablespoons of oil to the pan . 
3)Add the mushroom and 1 tbsp of sauce and stir until soft.
4) Transfer to the plate.
Egg
1) Whisk the eggs.
2) Add 1/2 tablespoons of oil to the pan.
3) Pour the egg into the hot pan and tilt it around.
4) Cook until golden brown and flip it over and cook until golden brown again.
5) Let it cool and slice into ¼ inch strips.
6) Transfer to the plate.

Korean vermicelli 
 1) Soak the vermicelli in water for 30 minutes.
 2) Boil the vermicelli in boiling water until soft.
 3) Strain and rinse with cold water.
4) Add oil, 1 tablespoon, to the pan.
5) Add the vermicelli and the remaining sauce.
6) Mix it well and transfer to a big bowl.


To Mix
1)Add all the prepared chicken, vegetables and egg to the vermicelli bowl.
2) Mix well.
3)Enjoy






Comments

Popular posts from this blog

Sugee Cookies / နန်ကထိုင်

အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / အစုံသုပ္ & ေဂၚဖီထုပ္ဟင္းခါး / Spicy Burmese salad & Cabbage Soup