Ondeh Ondeh Sweet rice cake balls / အင်ဒိုနီးရှား မုန့်လုံးရေပေါ်
Ondeh Ondeh
Sweet
rice cake balls /
အင်ဒိုနီးရှား
မုန့်လုံးရေပေါ်
ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် ၁၀၀ ဂရမ်
ပီလောပီနန်မှုန့် ၁၀ ဂရမ်
ထန်းလျက် ၇၀ ဂရမ်
အုန်းသီးခြစ် ၁၀၀ ဂရမ်
ဆား ၁/၄ လက်ဖက်ရည်ဇွန်း
ဆွမ်းမွှေးရွက် ၄ ခု (၁၀ဂရမ်)
ရေ ၁၀၀ မီလီ
ပြုလုပ်နည်း
•ဆွမ်းမွှေးရွက်ကို လက်မဝက်ခန့် ညှပ်ပါ
•ထန်းညက်ကို သေးသေးတုံးထားပါ
•ဆွမ်းမွှေးရွက်ကို ရေဖြင့်ရောကြိတ်ပြီး အရည်စစ်ယူထားပါ
•အုန်းသီးကို ဆားဖြင့်ရောနယ်ပြီး ၅-၁၀ မိနစ်ခန့်ပေါင်းပြီး ဗန်းတခုထဲထည့်ထားပါ
•အခြားဗန်းတခုတွင် ကောက်ညှင်းမှုန့်၊ ပီလောပီနန်မှုန့်ကို ဆွမ်းမွှေရည် နည်းနည်းချင်းလောင်းထည့်ပြီး နယ်ပေးပါ
•မုန့်သား၁၀ဂရမ်ယူ၍ အလယ်တွင်ထန်းလျက်ထည့်ကာ လုံးပေးပါ
•ရေဆူဆူတွင် ပြုတ်ပေးပါ
•ရေပေါ်ပေါ်လားပြီး ၁-၂ မိနစ်ခန့် အကြာတွင်ဆယ်ကာ အုန်းသီးဗန်းတွင်ထည့်ပါ
•အားလုံးဆယ်ပြီးပါက ဗန်းအား လှုပ်ကာ အုန်းသီးလူးပါ
မှတ်ချက်
•မုန့်လုံးနေစဉ် မုန့်သားမခြောက်စေရန် ရေစိုဝတ်ဖြင့်အုပ်ထားပါ
INGREDIENTS
•Glutinous
rice flour 100g
•Tapioca
flour 10g
•Gula
Melaka 70g
•Grated
coconut 100g
•Salt 1/4 tsp
•Pandan
leaves 4 no.(10g)
•Water
100ml
INSTRUCTIONS
•Cut
the pandan
leaves into half-inch pieces
•Cut
the glua melaka
into small pieces
•Blend
water and pandan
leaves, then strain the mixture.
•Mix
the coconut with salt, steam it for 5-10 minutes, and put it in a tray.
•In
another tray, add glutinous rice flour and tapioca flour and mix with pandan
juice, little at a time, and knead it.
•Take
10 grams of dough, put the gula melaka
in the middle, and shape it into a ball.
•Cook
it in boiling water
•After
1-2 minutes of floating, drain and transfer to the coconut tray
•Shake
the tray to coat the coconut on the ball
Note,
•While
preparing the ball ,cover the dough with a damp cloth to prevent it from drying
out
Comments
Post a Comment