Posts

တရုတ် မုန်ညှင်းချဉ်ခေါက်ဆွဲ/ တရုတ် မုန်ညှင်းချဉ်ခေါက်ဆွဲ / Chinese pickled noodles soup

Image
  တရုတ် မုန်ညှင်းချဉ်ခေါက်ဆွဲ ပါဝင်ပစ္စည်းများ ခေါက်ဆွဲခြောက် ၅၀ ဂရမ် ၁) ခေါက်ဆွဲကို ပြုတ်ပြီး ရေဆေးကာ ရေစစ်ထားပါ။ ကြက်စွပ်ပြုတ်အတွက် ကြက်အရိုး ၂၀၀ ဂရမ် ကြက်သွန်မြိတ် (အဖြူအပိုင်း) ၁ ပင် ဂျင်း ၁ လက်မ အရသာမှုန့် ၁ လက်ဖက်ရည်ဇွန်း ပဲငံပြာရည် ၁ လက်ဖက်ရည်ဇွန်း ရေ ၆၀၀ မီလီ 1) ကြက်သွန်မြိတ် ကို အရှည် ၁ လက်မခန့် လှီးထားပါ။ 2) ဂျင်း ၁ လက်မကို အခွံခွာပြီး ထောင်းထားပါ။ ပါဝင်ပစ္စည်းများအားလုံးကို အိုးထဲသို့ထည့်ကာ ၄၀၀ မီလီ ကျန်သည်အထိ ချက်ပါ * အသင့်သုံး ကြက်ပြုတ်ရည်ကိုလည်း သုံးနိုင်ပါသည်။ မုန်ညှင်းချဉ် ပြင်ဆင်ရန် စီချွမ် မုန်ညှင်းရိုးချဉ် (Zha cai) ၁၀၀ ဂရမ် ရေ ( ဆေးရန်) ၁) မုန်ညှင်းရိုးချဉ် ကို သေချာဆေးပါ။ ၂) ပုံမှာပြထားတဲ့အတိုင်း ပါးပါး လှီးပြီး ရေအေးထဲမှာ စိမ်ပြီး ပြန်ဆေးပေးပါ။ ရေကိုညှစ်ထုတ်ပြီး ပန်းကန်ပြားတစ်ခုထဲသို့ ထည့်ပါ (တကယ်တော့ စပ်ပြီး အတော်ငန်တဲ့အချဉ်ပါ။ လှီးပြီးသား အငံလျော့အောင် ပြုတ်နိုင်ပါတယ်။ (ဒါမရှိရင် ပုံမှန် မုန်ညင်းချဉ်ကို သုံးနိုင်ပါတယ်။) ကြက်သား နှပ်ရန် ကြက်သား ၁၀၀ ဂရမ် ပြောင်းကော်မှုန့် ၁/၂ ဇွန်း အရသာမှုန့် ၁/၄ လက်ဖက်ရည်ဇွန်း ပဲငံပြာရည် ၁ လက်ဖ...

မွန် မုန့်ဟင်းခါး / Mon Mohinga

Image
  မွန် မုန့်ဟင်းခါး ငါးပျောအူ ပြုတ်ရန် ( ကြိုတင်မပြုတ်ဘဲ ဟင်းခါးထဲ တခါတည်းထည့်ချက်လိုက ချက်နိုင်ပါသည်) ငါးပျောအူအသေး ၂ ပိုင်း(လှီးပြီး ၄ ခွက်ခန့်) ရေ ၄လီတာ နနွင်းမှုန့် ၁/၄ လက်ဖက်ရည်ဇွန်း ၁)ရေတွင် နနွင်းမှုန့် ထည့်မွှေထားပါ ၂)ငါးပျောအူ အား မထူမပါးလှီးကာ နနွင်းရည်တွင်စိမ်ပါ ၃)ပြုတ်မည်အိုးထဲသို့လောင်းထည့်ကာ နူးသည်အထိပြုတ်ပါ ၄)အဖတ်ကိုဆယ်ကာ အရည်ကိုသွန်လိုက်ပါ ငါးပြုတ်ရန် ငါး ၃၂၀ ဂရမ် စပါးလင်  ၃ ပင်+ အစိမ်းရောင်အပိုင်း  ၃ ပိုင်း ရေ ၁.၅ လီတာ ငံပြာရည် ၂ စားပွဲတင်ဇွန်း နနွင်းမှုန့်  ၁/၄ လက်ဖက်ရည်ဇွန်း ၁)စပါးလင် ကို ထု ချေထားပါ ၂)ပါဝင်ပစ္စည်းများ အာလုံး အိုးထဲသို့ထည့်ကာ နာရီဝက်ခန့် မီးအနေတော်ဖြင့်ပြုတ်ထားပါ ၃)ငါးကိုဆယ်ကာ ရေစိမ်ထားပါ ၄)ငါးအသားနွှင်ကာ လက်ဖြင့်ချေထားပါ ငါးဆီသပ်ရန် အသားနွှင်ထားသောငါး အရသာမှုန့် ငံပြာရည် ဆီ ၆ စားပွဲတင်ဇွန်း နနွင်းမှုန့် ၁/၂ လက်ဖက်ရည်ဇွန်း စပါးလင် အဖြူအပိုင်း ၃ ခု ကြက်သွန်နီ ၁ လုံး ၃ ၀ ဂရမ် ကြက်သွန်ဖြူ ၄ မွှာ ၂၀ ဂရမ် ၁)စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို ကြိတ်/ ထောင်းထားပါ ၂)အိုးထဲတွင်ဆီထည့်ပါ ၃)ဆီပူပါက နနွင်းမှုန့်ထည့်မွှေပါ ၄)ငါးအသား၊အရသာများထည်...

အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / Spicy Burmese salad & Cabbage Soup

Image
  Video link https://youtu.be/aiYR0rYmprA အစုံသုပ် (၂)ပွဲစာ ပါဝင်ပစ္စည်းများ ခေါက်ဆွဲ  ၅ ကျပ်သား ဆန်ကြာဇံ ၅ ကျပ်သား  သခွါးသီး ၁/၂ လုံး ဂေါ်ဖီထုပ် ၁ ခွက် ပဲပြားကြော် ၁၀၀ ဂရမ်  ငြုတ်သီးထမင်းနီ ၁ ခွက် နံနံပင် ၁/၄ ခွက် ငံပြာရည် ၁ လက်ဖက်ရည်ဇွန်း မန်းကျည်းရည် ၄ စားပွဲတင်ဇွန်း ငြုတ်ဆီ ၂ စားပွဲတင်ဇွန်း အရသာမှုန့် ၁ လက်နဖက်ရည်ဇွန်း ငြုတ်သီးဆီ ၃ စားပွဲတင်ဇွန်း ငြုတ်သီးအကျက်မှုန့် ၁ လက်ဖက်ရည်ဇွန်း ပဲအကျက်မှုန့် ၄ လက်ဖက်ရည်ဇွန်း ပြင်ဆင်ရန် ၁)သခွါးသီးကို အခွံခွါ ပါးပါးလှီးကာ အချောင်းပြန်လှီးထားပါ ၂)ဂေါ်ဖီထုပ်ကို အရိုးဖယ်ကာ ပါးပါးလှီးထားပါ ၃)နံနံပင် အရွက်ကို လှီးထားပါ ၄)ခေါက်ဆွဲနှင်ဆန်ကြာဇံကိုပြုတ်ကာရေအေးဖြင့်ဆေးကာ ဆယ်ထားပါ ပဲပြားကြော် ပဲပြား ၁၀၀ ဂရမ် ဆီ ၆ စားပွဲတင်ဇွန်း ၁)ပဲပြားကို ၁/၄လက်မအထူ လှီးကာ ရေခြောက်အောင်သုပ်ပါ ၂)ဒယ်အိုးထဲသို့ ဆီ ထည့်ပါ ၃)ဆီပူပါက ပဲပြားထည့်ကာ နှစ်ဖက်စလုံး အရောင် ပြောင်းသည်အထိကြော်ပါ ၄)ပဲပြားကြော်အား မထူမပါးလှီးထားပါ ငြုတ်သီးဆီနီ  ငြုတ်သီးမှုန့် ၁ စားပွဲတင်ဇွန်း ဆီ ၄ စားပွဲတင်ဇွန်း ၁)ဒယ်အိုးထဲသို့ဆီထည့်ပါ ၂)ဆီပူပါက မီးပိတ်လိုက်ပါ ၃)ငြုတ်သီးထည့်ကာ အစိမ...

ကိုးရီးယား ကြာဇံကြော် / ကိုးရီးယား ၾကာဇံေၾကာ္/ Japchae ( Stir-fried Korean Vermicelli with vegetables)

Image
  Video link https://youtu.be/e80qRKIFWYA ကိုးရီးယား ကြာဇံကြော် ပါဝင်ပစ္စည်းများ ကိုးရီးယားကြာဇံ ၂၀၀ ဂရမ် ကြက်အသဲအမြစ်(သို့) ကြက်သား ၁၀၀ ဂရမ် (၆ ကျပ်သား) ကြက်သွန်ဖြူ ၂ မွှာ မုန်လာဥနီ  ၉၀ ဂရမ် (အလုံးတဝက်)  မှို ၁၂၀ ဂရမ် ဟင်းနုနယ် ၁၅၀ ဂရမ် ကြက်ဥ ၂ လုံး ဆား ၁/၄ လက်ဖက်ရည်ဇွန်း ဆီ ၃.၅ စားပွဲတင်ဇွန်း ပဲငံပြာရည် ၁/၂ လက်ဖက်ရည်ဇွန်း ဆော့စ် ပဲငံပြာရည် ၃ စားပွဲတင်ဇွန်း သကြား ၁ လက်ဖက်ရည်ဇွန်း အရသာမှုန့် ၁ လက်ဖက်ရည်ဇွန်း နှမ်းဆီ ၁ စားပွဲတင်ဇွန်း ၁) ခွက်တခုတွက်အားလုံးထည့်ကာ ရောမွှေပါ ပြုလုပ်နည်း ကြက်အသဲအမြစ် ၁) ကြက်အသဲအမြစ် ကို မထူမပါးလှီးထားပါ ၂)ကြက်သွန်ဖြူ ကို စင်းထားပါ ၃)ပန်းကန်လုံးထဲသို့ ကြက်အသဲအမြစ်, ကြက်သွန်ဖြူ, ပဲငံပြာရည် ၁/၂ လက်ဖက်ရည်ဇွန်းထည့်နယ်ပါ ၄)မိနစ် ၂၀ခန့်နှပ်ထားပါ ၅)အိုးထဲသို့ ဆီ ၁ စားပွဲတင်ဇွန်းထည့်ပါ ၆)ကြက်သားထည့်ကာ စက္ကန့် ၂၀ ခန့်မွှေပါ ၇) ရေ ၂ စားပွဲတင်ဇွန်းထည့်ပါ ၈) ကြက်သားကျက်ပြီး ဆီပန်လာသည်အထိချက်ပါ ၉) ပန်းကန်ပြားသို့ ပြောင်းထည့်ထားပါ ဟင်းသီးဟင်းရွက် နှင့် ကြက်ဥ ဟင်းနုနယ် ၁) နွမ်းရုံ ပြုတ်ပါ ၂) ဆယ်ပြီးရေအေးတွင်စိမ်ပါ ၃)အေးပါက ရေညှစ်ထုပ်ပါ ၄) ၁လက်မအရှည်လှီးပြီး ဆာ...