အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / Spicy Burmese salad & Cabbage Soup
အစုံသုပ်
(၂)ပွဲစာ
ပါဝင်ပစ္စည်းများ
ခေါက်ဆွဲ ၅ ကျပ်သား
ဆန်ကြာဇံ ၅ ကျပ်သား
သခွါးသီး ၁/၂ လုံး
ဂေါ်ဖီထုပ် ၁ ခွက်
ပဲပြားကြော် ၁၀၀ ဂရမ်
ငြုတ်သီးထမင်းနီ ၁ ခွက်
နံနံပင် ၁/၄ ခွက်
ငံပြာရည် ၁ လက်ဖက်ရည်ဇွန်း
မန်းကျည်းရည် ၄ စားပွဲတင်ဇွန်း
ငြုတ်ဆီ ၂ စားပွဲတင်ဇွန်း
အရသာမှုန့် ၁ လက်နဖက်ရည်ဇွန်း
ငြုတ်သီးဆီ ၃ စားပွဲတင်ဇွန်း
ငြုတ်သီးအကျက်မှုန့် ၁ လက်ဖက်ရည်ဇွန်း
ပဲအကျက်မှုန့် ၄ လက်ဖက်ရည်ဇွန်း
ပြင်ဆင်ရန်
၁)သခွါးသီးကို အခွံခွါ ပါးပါးလှီးကာ အချောင်းပြန်လှီးထားပါ
၂)ဂေါ်ဖီထုပ်ကို အရိုးဖယ်ကာ ပါးပါးလှီးထားပါ
၃)နံနံပင် အရွက်ကို လှီးထားပါ
၄)ခေါက်ဆွဲနှင်ဆန်ကြာဇံကိုပြုတ်ကာရေအေးဖြင့်ဆေးကာ ဆယ်ထားပါ
ပဲပြားကြော်
ပဲပြား ၁၀၀ ဂရမ်
ဆီ ၆ စားပွဲတင်ဇွန်း
၁)ပဲပြားကို ၁/၄လက်မအထူ လှီးကာ ရေခြောက်အောင်သုပ်ပါ
၂)ဒယ်အိုးထဲသို့ ဆီ ထည့်ပါ
၃)ဆီပူပါက ပဲပြားထည့်ကာ နှစ်ဖက်စလုံး အရောင် ပြောင်းသည်အထိကြော်ပါ
၄)ပဲပြားကြော်အား မထူမပါးလှီးထားပါ
ငြုတ်သီးဆီနီ
ငြုတ်သီးမှုန့် ၁ စားပွဲတင်ဇွန်း
ဆီ ၄ စားပွဲတင်ဇွန်း
၁)ဒယ်အိုးထဲသို့ဆီထည့်ပါ
၂)ဆီပူပါက မီးပိတ်လိုက်ပါ
၃)ငြုတ်သီးထည့်ကာ အစိမ်းနံ့ပျောက်သည်အထိမွှေပါ
၄)ငြုတ်သီးဆီအား အိုးတွင် ၁ စားပွဲတင်ဇွန်းခန့် ချန်ကာ ကျန်သောဆီကို ပန်းကန်လုံးထဲသို့ထည့်ပါ၊
ငြုတ်သီးထမင်းနီ
ငြုတ်သီးဆီနီ ၁ စားပွဲတင်ဇွန်း
ထမင်း ၁ /၂ ခွက်
၁)ဒယ်အိုးထဲသို့ ငြုတ်သီးဆီနီ နှင့်ထမင်းထည့်ကာ အားလုံးရောသည်အထိမွှေပါ
၂)ပန်းကန်သို့ထည့်ထားပါ
၃) လေးလုံး လုံးထားပါ
မန်ကျည်းရည်
မန်ကျည်းမှည့် ၁.၅ စားပွဲတင်ဇွန်း
ရေ ၆ စားပွဲတင်ဇွန်း
၁)မန်ကျည်းမှည့်အား ရေဆေးပါ
၂)ရေထည့်ကာ ရောနယ်ထားပါ
အသုပ် သုပ်ရန်
၁)ပါဝင်ပစ္စည်း အားလုံးနှံ့သည်အထိနယ်ပါ
ဂေါ်ဖီထုပ်ဟင်းခါး
ပါဝင်ပစ္စည်းများ
လှီးထားသောဂေါ်ဖီထုပ် ၁/၂ ခွက်
ကြက်သွန်ဖြူ ၃ မွှာ
ပုဇွန်ခြောက် ၁/၂ စားပွဲတင်ဇွန်း
အရသာမှုန့် ၁/၂ လက်ဖက်ရည်ဇွန်း
ရေ ၅၀၀ မီလီ
ငြုတ်ကောင်းမှုန့်
ပြင်ဆင်ရန်
၁) ပုဇွန်ခြောက်ကိုရေစိမ်ထားပါ
၂) ကြက်သွန်ဖြူကို အခွံခွာကာ ဓါးပြားရိုက်ထားပါ
၃) ဂေါ်ဖီထုပ်ကို လက်မဝက်အရွယ် လှီးပါ
ချက်ရန်
၁)အိုးထဲသို့ ရေ,ကြက်သွန်ဖြူ,ပုဇွန်ခြောက်, အရသာမှုန့်ထည့်ပါ
၂)ရေဆူပါက ဂေါ်ဖီထုပ် ထည့်ပါ
၃) ဂေါ်ဖီထုပ် ကျက်သည်အထိချက်ပါ
၄)ပန်းကန်လုံးသို့ပြောင်းထည့်ကာ ငြုတ်ကောင်းဖြူးပါ
၅) ပူပူလေးသုံးဆောင်ပါ
အစုံသုပ်
(၂)ပွဲစာ
ပါဝင်ပစ္စည်းများ
ခေါက်ဆွဲ ၅ ကျပ်သား
ဆန်ကြာဇံ ၅ ကျပ်သား
သခွါးသီး ၁/၂ လုံး
ဂေါ်ဖီထုပ် ၁ ခွက်
ပဲပြားကြော် ၁၀၀ ဂရမ်
နံနံပင် ၁/၄ ခွက်
ပြင်ဆင်ရန်
၎)ခေါက်ဆွဲနှင်ဆန်ကြာဇံကိုပြုတ်ကာရေအေးဖြင့်ဆေးကာ ဆယ်ထားပါ
ပဲပြားကြော်
ပဲပြား ၁၀၀ ဂရမ်
ဆီ ၆ စားပွဲတင်ဇွန်း
၎)ပဲပြားကြော်အား မထူမပါးလှီးထားပါ
ငြုတ်သီးဆီနီ
ဆီ ၄ စားပွဲတင်ဇွန်း
၎)ငြုတ်သီးဆီအား အိုးတွင် ၁ စားပွဲတင်ဇွန်းခန့် ချန်ကာ ကျန်သောဆီကို ပန်းကန်လုံးထဲသို့ထည့်ပါ၊
ငြုတ်သီးထမင်းနီ
ထမင်း ၁ /၂ ခွက်
၃) လေးလုံး လုံးထားပါ
မန်ကျည်းရည်
ရေ ၆ စားပွဲတင်ဇွန်း
အသုပ် သုပ်ရန်
Comments
Post a Comment