တရုတ် မုန်ညှင်းချဉ်ခေါက်ဆွဲ/ တရုတ် မုန်ညှင်းချဉ်ခေါက်ဆွဲ / Chinese pickled noodles soup

တရုတ် မုန်ညှင်းချဉ်ခေါက်ဆွဲ ပါဝင်ပစ္စည်းများ ခေါက်ဆွဲခြောက် ၅၀ ဂရမ် ၁) ခေါက်ဆွဲကို ပြုတ်ပြီး ရေဆေးကာ ရေစစ်ထားပါ။ ကြက်စွပ်ပြုတ်အတွက် ကြက်အရိုး ၂၀၀ ဂရမ် ကြက်သွန်မြိတ် (အဖြူအပိုင်း) ၁ ပင် ဂျင်း ၁ လက်မ အရသာမှုန့် ၁ လက်ဖက်ရည်ဇွန်း ပဲငံပြာရည် ၁ လက်ဖက်ရည်ဇွန်း ရေ ၆၀၀ မီလီ 1) ကြက်သွန်မြိတ် ကို အရှည် ၁ လက်မခန့် လှီးထားပါ။ 2) ဂျင်း ၁ လက်မကို အခွံခွာပြီး ထောင်းထားပါ။ ပါဝင်ပစ္စည်းများအားလုံးကို အိုးထဲသို့ထည့်ကာ ၄၀၀ မီလီ ကျန်သည်အထိ ချက်ပါ * အသင့်သုံး ကြက်ပြုတ်ရည်ကိုလည်း သုံးနိုင်ပါသည်။ မုန်ညှင်းချဉ် ပြင်ဆင်ရန် စီချွမ် မုန်ညှင်းရိုးချဉ် (Zha cai) ၁၀၀ ဂရမ် ရေ ( ဆေးရန်) ၁) မုန်ညှင်းရိုးချဉ် ကို သေချာဆေးပါ။ ၂) ပုံမှာပြထားတဲ့အတိုင်း ပါးပါး လှီးပြီး ရေအေးထဲမှာ စိမ်ပြီး ပြန်ဆေးပေးပါ။ ရေကိုညှစ်ထုတ်ပြီး ပန်းကန်ပြားတစ်ခုထဲသို့ ထည့်ပါ (တကယ်တော့ စပ်ပြီး အတော်ငန်တဲ့အချဉ်ပါ။ လှီးပြီးသား အငံလျော့အောင် ပြုတ်နိုင်ပါတယ်။ (ဒါမရှိရင် ပုံမှန် မုန်ညင်းချဉ်ကို သုံးနိုင်ပါတယ်။) ကြက်သား နှပ်ရန် ကြက်သား ၁၀၀ ဂရမ် ပြောင်းကော်မှုန့် ၁/၂ ဇွန်း အရသာမှုန့် ၁/၄ လက်ဖက်ရည်ဇွန်း ပဲငံပြာရည် ၁ လက်ဖ...