အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / အစုံသုပ် & ဂေါ်ဖီထုပ်ဟင်းခါး / Spicy Burmese salad & Cabbage Soup

Video link https://youtu.be/aiYR0rYmprA အစုံသုပ် (၂)ပွဲစာ ပါဝင်ပစ္စည်းများ ခေါက်ဆွဲ ၅ ကျပ်သား ဆန်ကြာဇံ ၅ ကျပ်သား သခွါးသီး ၁/၂ လုံး ဂေါ်ဖီထုပ် ၁ ခွက် ပဲပြားကြော် ၁၀၀ ဂရမ် ငြုတ်သီးထမင်းနီ ၁ ခွက် နံနံပင် ၁/၄ ခွက် ငံပြာရည် ၁ လက်ဖက်ရည်ဇွန်း မန်းကျည်းရည် ၄ စားပွဲတင်ဇွန်း ငြုတ်ဆီ ၂ စားပွဲတင်ဇွန်း အရသာမှုန့် ၁ လက်နဖက်ရည်ဇွန်း ငြုတ်သီးဆီ ၃ စားပွဲတင်ဇွန်း ငြုတ်သီးအကျက်မှုန့် ၁ လက်ဖက်ရည်ဇွန်း ပဲအကျက်မှုန့် ၄ လက်ဖက်ရည်ဇွန်း ပြင်ဆင်ရန် ၁)သခွါးသီးကို အခွံခွါ ပါးပါးလှီးကာ အချောင်းပြန်လှီးထားပါ ၂)ဂေါ်ဖီထုပ်ကို အရိုးဖယ်ကာ ပါးပါးလှီးထားပါ ၃)နံနံပင် အရွက်ကို လှီးထားပါ ၄)ခေါက်ဆွဲနှင်ဆန်ကြာဇံကိုပြုတ်ကာရေအေးဖြင့်ဆေးကာ ဆယ်ထားပါ ပဲပြားကြော် ပဲပြား ၁၀၀ ဂရမ် ဆီ ၆ စားပွဲတင်ဇွန်း ၁)ပဲပြားကို ၁/၄လက်မအထူ လှီးကာ ရေခြောက်အောင်သုပ်ပါ ၂)ဒယ်အိုးထဲသို့ ဆီ ထည့်ပါ ၃)ဆီပူပါက ပဲပြားထည့်ကာ နှစ်ဖက်စလုံး အရောင် ပြောင်းသည်အထိကြော်ပါ ၄)ပဲပြားကြော်အား မထူမပါးလှီးထားပါ ငြုတ်သီးဆီနီ ငြုတ်သီးမှုန့် ၁ စားပွဲတင်ဇွန်း ဆီ ၄ စားပွဲတင်ဇွန်း ၁)ဒယ်အိုးထဲသို့ဆီထည့်ပါ ၂)ဆီပူပါက မီးပိတ်လိုက်ပါ ၃)ငြုတ်သီးထည့်ကာ အစိမ...