ကိုးရီးယား ကြာဇံကြော် / ကိုးရီးယား ၾကာဇံေၾကာ္/ Japchae ( Stir-fried Korean Vermicelli with vegetables)

Video link https://youtu.be/e80qRKIFWYA ကိုးရီးယား ကြာဇံကြော် ပါဝင်ပစ္စည်းများ ကိုးရီးယားကြာဇံ ၂၀၀ ဂရမ် ကြက်အသဲအမြစ်(သို့) ကြက်သား ၁၀၀ ဂရမ် (၆ ကျပ်သား) ကြက်သွန်ဖြူ ၂ မွှာ မုန်လာဥနီ ၉၀ ဂရမ် (အလုံးတဝက်) မှို ၁၂၀ ဂရမ် ဟင်းနုနယ် ၁၅၀ ဂရမ် ကြက်ဥ ၂ လုံး ဆား ၁/၄ လက်ဖက်ရည်ဇွန်း ဆီ ၃.၅ စားပွဲတင်ဇွန်း ပဲငံပြာရည် ၁/၂ လက်ဖက်ရည်ဇွန်း ဆော့စ် ပဲငံပြာရည် ၃ စားပွဲတင်ဇွန်း သကြား ၁ လက်ဖက်ရည်ဇွန်း အရသာမှုန့် ၁ လက်ဖက်ရည်ဇွန်း နှမ်းဆီ ၁ စားပွဲတင်ဇွန်း ၁) ခွက်တခုတွက်အားလုံးထည့်ကာ ရောမွှေပါ ပြုလုပ်နည်း ကြက်အသဲအမြစ် ၁) ကြက်အသဲအမြစ် ကို မထူမပါးလှီးထားပါ ၂)ကြက်သွန်ဖြူ ကို စင်းထားပါ ၃)ပန်းကန်လုံးထဲသို့ ကြက်အသဲအမြစ်, ကြက်သွန်ဖြူ, ပဲငံပြာရည် ၁/၂ လက်ဖက်ရည်ဇွန်းထည့်နယ်ပါ ၄)မိနစ် ၂၀ခန့်နှပ်ထားပါ ၅)အိုးထဲသို့ ဆီ ၁ စားပွဲတင်ဇွန်းထည့်ပါ ၆)ကြက်သားထည့်ကာ စက္ကန့် ၂၀ ခန့်မွှေပါ ၇) ရေ ၂ စားပွဲတင်ဇွန်းထည့်ပါ ၈) ကြက်သားကျက်ပြီး ဆီပန်လာသည်အထိချက်ပါ ၉) ပန်းကန်ပြားသို့ ပြောင်းထည့်ထားပါ ဟင်းသီးဟင်းရွက် နှင့် ကြက်ဥ ဟင်းနုနယ် ၁) နွမ်းရုံ ပြုတ်ပါ ၂) ဆယ်ပြီးရေအေးတွင်စိမ်ပါ ၃)အေးပါက ရေညှစ်ထုပ်ပါ ၄) ၁လက်မအရှည်လှီးပြီး ဆာ...