
ကြက်သားဟင်းခေါက်ဆွဲ/ ၾကက္သားဟင္းေခါက္ဆြဲ/ Curry Chicken Noodles ကြက်သားဟင်းခေါက်ဆွဲ အခုနည်းကတော့Ya Kun , Toast box တို့မှာ ရောင်းသလို ကြက်သားပါထည့်ချက်ထားတဲ့နည်းပါ အချို့နေရာတွေမှာတော့ ကြက်သားကို ထည့်မချက်ဘဲ, ပေါင်းထားတဲ့ကြက်သားကို လှီးပြီး အပေါ်မှာ တင်ပေးပါတယ် ပါဝင်ပစ္စည်းများ ကြက်သား ၁၅ ကျပ်သား အာလူး ၁၅ ကျပ်သား ( ၂ လုံး) ( ၁ လုံးကို ၄ စိပ်ပါ) ကြက်ပြုတ်ရည် ၁ လီတာ ရေ ၁ လီတာ အုန်းနို့ ၂၀၀ မီလီ ပဲပြားကြော် ၅၀ ဂရမ် ပျဉ်းတော်သိမ်ရွက် ၃ ခက် ကြက်သားအရသာခဲ ၁ ခဲ ကြက်သားမှုန့် ၁+၁ လက်ဖက်ရည်ဇွန်း ငံပြာရည် ၂ စားပွဲတင်ဇွန်း ပဲပင်ပေါက် ၁၀၀ ဂရမ် ဂျုံခေါက်ဆွဲအဝါ (အလုံး) ၄၀၀ ဂရမ် ငါးကိတ် ၈၀ ဂရမ် ဆီ ၂ စားပွဲတင်ဇွန်း ဟင်းအနှစ်အတွက် စင်းထားသောကြက်သွန်နီ ၁၀၀ ဂရမ် (၂ လုံး) စင်းထားသောကြက်သွန်ဖြူ စင်းထားသော စပါးလင် အဖြူရောင်အပိုင်း ၁ ပိုင်း မြေပဲ ၃၀ ဂရမ် (၃ စားပွဲတင်ဇွန်း) ငြုတ်သီးမှုန့် ၃ စားပွဲတင်ဇွန်း ရေ ၁၀၀ မီ ပြုလုပ်နည်း ပြင်ဆင်ရန် ၁) ကြက်သားကို ကြက်သားမှုန့် ၁ လက်ဖက်ရည်ဇွန်းဖြင့်နယ်ကာ မိနစ် ၂၀ ခန့် နှပ်ထားပါ ၂) ကြိတ်စက်ထဲသို့ ဟင်းအနှစ်အတွက် ပါဝင်ပစ္စည်းမ...